This event is now over

Event Details

About

"Sumo Robot Competition 2017"
===========================================
ဂျပန်ရိုးရာ အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဆူမိုနပန်းအားကစားကဲ့သို့ စက်ရုပ်ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ရက်နေ့၊ သောကြာနေ့၊ UIT (သတင်းအချက်အလက် နည်းပညာတက္ကသိုလ်) မှာကျင်းပတဲ့ Maker Faire မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို K-Lab Myanmar မှ ပံ့ပိုးပေးပြီး Phoewa Science မှ စီစဉ်တာ ဖြစ်ပါတယ်။ Sumo Robot များကို Autonomous Robot များအဖြစ် Arduino Nano, Ultrasonic Sensor များ၊ Line Tracking Sensor များ အသုံးပြု တည်ဆောက်ရမှာ ဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းများ၊ Components များ အားလုံးကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ Wiring Diagram များ၊ Program များကိုပါ ကူညီပေးမှာ ဖြစ်ပြီးတော့ ပြိုင်ပွဲမစမှီ နံနက်ပိုင်းမှာ တည်ဆောက်ရမယ့် Sumo Robot နဲ့ သက်ဆိုင်တဲ့ workshop လည်း ပေးသွားဦးမှာ ဖြစ်ပါတယ်။ Sumo Robot ၂စီးဟာ Sumo Ring ထဲကနေ အပြင်ထွက်သွားအောင် တစ်စီးနဲ့ တစ်စီး တွန်း၊ တိုက် ယှဉ်ပြိုင်ကြရမှာပါ။ အသေးစိတ်အချက်အလက်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။ Robotic နဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူ Maker များ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ;)
 
● Venue : "K-Lab Myanmar", University of Information Technology, No.14/20, Than Lwin Street, Bahan Township, Yangon, Myanmar.
● Date : Sep-22-2017, Friday.
● Time : 9:00AM to 4:00PM.
 
● Who can play?
- တက္ကသိုလ်တစ်ခုခု တက်ရောက်နေသူ ကျောင်းသား/ကျောင်းသူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
- အခက်အခဲမရှိ ပါဝင်နိုင်ရန် Programming အခြေခံရှိပြီး Arduino အသုံးပြုနိုင်ရပါမယ်။
 
● Entry Fees?
- ပြိုင်ပွဲ ဝင်ကြေး မရှိပါဘူး။
- ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အောက်ပါ Link မှာ Register ပြုလုပ် စာရင်းပေးသွင်းပါ။
 
● Registration Link - http://sumorobot.doattend.com
(မေးခွန်းများကို ပြည့်စုံစွာ ဖြည့်စွက်ပြီး စာရင်းပေးသွင်းပါရန်)
 
● Prize - အနိုင်ရရှိသော အဖွဲ့မှ ယှဉ်ပြိုင်သူ ၂ဦးအား Arduino Kit တစ်ဘူးစီ ချီးမြှင့်မှာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတိုင်းကိုလည်း လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
 
● General Rules of Competition
- ပြိုင်ပွဲတွင် ပါဝင်နိုင်ရန် Online Registration ပြုလုပ်စာရင်းသွင်းရမည် ဖြစ်ပြီး Arduino အသုံးပြုဖူးတဲ့ ဦးရာ လူ(၁၀)ဦး ရွေးချယ်မှာ ဖြစ်ပါတယ်။
- ပါဝင်ခွင့်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
- ပြိုင်ပွဲဝင်ဦးရေ (၁၀) ဦး တိတိ သတ်မှတ်ထားပါတယ်။
- ပြိုင်ပွဲဝင် ၁၀ဦးအား မဲစနစ်ဖြင့် ၂ဦး တစ်ဖွဲ့စီ၊ အဖွဲ့(၅)ဖွဲ့ ခွဲမှာ ဖြစ်ပါတယ်။
- Sumo bot ၅စီးဟာ 3 Rounds ခွဲခြားယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- Sumo bot ရဲ့ Wheel တစ်စုံလုံးဟာ Sumo Ring ရဲ့ အစွန်းကို ကျော်လွန်သွားရင် အရှုံး သတ်မှတ်မှာ ဖြစ်ပါတယ်။
 
● To build and program an Autonomous Robot
- ပြိုင်ပွဲဝင် အဖွဲ့(၅)ဖွဲ့ဟာ မိမိတို့ ယှဉ်ပြိုင်ရမယ့် Sumo Robot များကို ကိုယ်တိုင်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
(Robot တည်ဆောက်ရန် လိုအပ်တဲ့ Components အားလုံးကို ထောက်ပံ့ပေးထားမှာပါ။)
- Wiring Diagram နဲ့ Program Outline ကိုလည်း ပေးထားမှာဖြစ်ပါတယ်။
 
● ထပ်မံ သိရှိလိုတာ ရှိရင် Facebook Page မှာ message ပေးပို့ မေးမြန်းနိုင်ပါတယ်။ ;)
 
Phoewa Science
info@phoewa.science
www.phoewa.science

Contact

Phoewa Science
094210 89767, 094315 8682.
www.facebook.com/phoewa.science
info@phoewa.science
www.phoewa.science

www.phoewa.science

Venue

University of Information Technology
No.14/20, Than Lwin Street,Bahan Township,
Yangon, Yangon
Myanmar

Map